EDNA
ကျွန်ုပ်တို့သည် စွန့်ဦးစီးပွားစွမ်းဆောင်သူများနှင့် ၄င်းတို့၏ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းများကို အားဖြည့်ပံ့ပိုးနိုင်စေရန် ပြည်တွင်း ပြည်ပရှိမိတ်ဖက်များနှင့် ပူးပေါင်း၍ ဆောင်ရွက်နေသော ပညာရေးအဖွဲ့အစည်းနှင့် လူမှုစီးပွားရေးလုပ်ငန်း (Social Enterprise) တစ်ခု ဖြစ်ပါသည်။

မျှော်မှန်းချက်

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးများ၊ လူငယ်များနှင့် အခွင့်အလမ်းနည်းပါးသော လူမှုအသိုင်းအဝိုင်းများကို စီးပွားရေး ပညာပေးမှုနှင့် လုပ်ငန်းဖွိ့ဖြိုးမှုမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် စည်းလုံးညီညွတ်မှုနှင့် တည်တံ့သော ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာ စေရန် ရည်ရွယ်ပါသည်။

ရည်မှန်းချက်

EDNA Myanmar သည် တနိုင်တပိုင်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ဆန်းသစ်တီထွင်မှု၊ လက်တွေ့အသုံးချနိုင်သော စီးပွားရေးပညာပေးမှုနှင့် လုပ်ငန်းထောက်ပံ့မှုများကို ပေးအပ်ရန် ရည်ရွယ်ထားသည်။ ဝန်ကြီးဌာနများ၊ တက္ကသိုလ်များ ရပ်ရွာခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့သည် အသိပညာဖလှယ်ရေး၊ လုပ်ငန်းတိုးတက်ရေးနှင့် စီးပွားရေးအရှိန်အဟုန်မြှင့်တင်ရေးအတွက် အခွင့်အလမ်းများကို ဖန်တီးပေးပါမည်။ ကျွန်ုပ်တို့၏ အစီအစဉ်များသည် ကမ္ဘာ့အမြင်များနှင့် ဒေသတွင်း လိုအပ်ချက်များကို ပေါင်းစပ်ထားပြီး၊ ကျေးလက်နှင့် ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများရှိ စီးပွားရေးလုပ်ငန်းရှင်များ ယှဉ်ပြိုင်မှုမြင့်မားလာသော ဈေးကွက်တွင်း ရပ်တည်နိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများနှင့် အရင်းအမြစ်များကို ရရှိစေရန် ဦးတည်ဆောင်ရွက်သွားပါမည်။

Who We Are

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများ၊ လူငယ်များနှင့် တန်းတူ အခွင့်အရေးမရရှိသူများအား စွန့်ဦးစီးပွား ပညာရေးနှင့် လုပ်ငန်းဖွံ့ဖြိုးမှုအထောက်အပံ့များကို ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ View Detail

What We Do

EDNA Myanmar : စွန့်ဦးတီထွင်မှုနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အားဖြည့်ခြင်း

၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ EDNA Myanmar သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် စွန့်ဦးစီးပွား ပညာရေး ပြန့်ပွားစေရန် အောက်ပါ လုပ်ငန်းစဉ် (၄) ရပ်အား အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။
View Detail

News and Events