LGT ပရိုဂရမ်
၂၀၁၈ ခုနှစ်မှစတင်ကာ EDNA Myanmar သည် Moving Forward Together Social Enterprise (MFT SE) နှင့် Swiss Academy for Development (SA4D) တို့နှင့် ပူးပေါင်းကာ စီးပွားရေးအသိပညာနှင့် လုပ်ငန်းခွင် ပြင်ဆင် တိုးတက်စေရန် လက်တွေ့ကျသော စျေးကွက်အခြေပြု သင်ကြားမှုအစီအစဉ်များ ကို လုပ်ဆောင်ခဲ့ပါသည်။
ယင်းတွင် အရေးပါသော အောင်မြင်မှုတစ်ခုမှာ YEEA (Young Entrepreneurs for Ecological Alternative) အစီအစဉ်ဖြစ်ပြီး၊ ယင်းမှတဆင့် Basic Business Knowledge (BBK) သင်ရိုးညွှန်းတမ်း ကိုတည်ဆောက် နိုင်ခဲ့ပါသည်။ လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်ဖန်တီးထားသော ဤသင်ရိုးညွှန်းတမ်းကို နိုင်ငံအနှံ့တွင် သင်ကြားခဲ့ကာ ဆရာအဖြစ် (ToT) သင်တန်းများ မှတဆင့် ဒေသခံ သင်ကြားမှုစွမ်းရည် ဖွံ့ဖြိုးစေရန် တစ်စိတ် တစ်ပိုင်းအဖြစ်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ တွင် တည်တံ့ခိုင်မြဲသော သင်ကြားမှုနှင့် စီးပွားရေးကွန်ယက်များ တိုးချဲ့ဆောင်ရွက်ခြင်း
ဤအခြေခံကိုအပေါ်မူတည်၍ SA4D, MFT SE နှင့် EDNA Myanmar တို့သည် ၂၀၂၄ တွင် Learning and Growing Together (LGT) ပရိုဂရမ် ဖြင့်ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။
ဤအစီအစဉ်တွင် BBK ToT သင်တန်းအောင်မြင်ပြီးသူများ သည် ဒေသခံသင်တန်းကျောင်းများ (Regional Training Centers) ကို စွမ်းဆောင်နိုင်လာကာ BBK သင်တန်းများနှင့် အလုပ်အကိုင် အသင့်ပြင်မှု သင်တန်းများ ကို လွတ်လပ်စွာ သင်ကြားပံ့ပိုးနေလျက်ရှိပါသည်။
သင်တန်းကျောင်းများသည် တည်တံ့ခိုင်မြဲသော စီးပွားရေးမော်ဒယ် တစ်ခုဖြင့် လည်ပတ်နေပြီး သင့်တင့်သော သင်တန်းကြေးနှင့် စီးပွားရေးမိတ်ဖက်များနှင့် ပူးပေါင်းကာ တို့ဖြင့် အခြားအခွင့်အလမ်းများပါ ဖန်တီးလုပ်ဆောင် နေပါသည်။ ဤသင်တန်းများသည် နယ်မြို့များရှိ လူငယ်များအတွက် သင်ကြားမှု အခွင့်အလမ်းများ တိုးမြှင့် ပေးနိုင်စေရန် ရည်ရွယ်ထားပါသည်။
စီးပွားရေးနှင့် စျေးကွက် ချိတ်ဆက်မှုများ တိုးမြှင့်ခြင်း
LGT ပရိုဂရမ်သည် စျေးကွက်ချိတ်ဆက်မှုများကို တည်ဆောက်ရန် တစ်ခြားမိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်နေပါသည်။
တည်တံ့ခိုင်မြဲသော သင်ကြားရေး လုပ်ငန်းထူထောင်နိုင်ရန်ဖိတ်ခေါ်လျက်
LGT ပရိုဂရမ်သည် လူ့စွမ်းအား ဖွံ့ဖြိုးမှုအရင်းမြစ်နှင့် စီးပွားရေး ဖွံ့တိုးတက်မှုများ ကို ပံ့ပိုးလိုသူ စီးပွားရေးလုပ်ငန်း ရှင်များ၊ သင်တန်းပံ့ပိုးသူများနှင့် စီးပွားရေးပညာရှင်များ ကို ကြိုဆိုလျက်ရှိပါသည်။
သင်တန်းကျောင်းများကို စီးပွားရေးလုပ်ငန်းကဲ့သို့ လည်ပတ်နိုင်သော Social Enterprise မော်ဒယ်ဖြင့် လုပ်ငန်း တည်ထောင်လိုသူများအတွက် ဆွေးနွေးမှု အခွင့်အလမ်းများ ရှိနေပြီ။
မြန်မာ့လူငယ်များအတွက် တည်တံ့ခိုင်မြဲသော စီးပွားရေး နှင့်သင်ကြားရေးရပ်ဝန်းတစ်ခုကို LGT နှင့်ပူးပေါင်း ဆောင်ရွက်ကာ ဖန်တီးကြပါစို့!