LGT ပရိုဂရမ် ၂၀၁၈ ခုနှစ်မှစတင်ကာ EDNA Myanmar သည် Moving Forward Together Social Enterprise (MFT SE) နှင့် Swiss Academy for Development (SA4D) တို့နှင့် ပူးပေါင်းကာ စီးပွားရေးအသိပညာနှင့် လုပ်ငန်းခွင် ပြင်ဆင် တိုးတက်စေရန် လက်တွေ့ကျသော စျေးကွက်အခြေပြု သင်ကြားမှုအစီအစဉ်များ ကို လုပ်ဆောင်ခဲ့ပါသည်။ ယင်းတွင် အရေးပါသော အောင်မြင်မှုတစ်ခုမှာ YEEA (Young Entrepreneurs for Ecological Alternative) အစီအစဉ်ဖြစ်ပြီး၊ ယင်းမှတဆင့် Basic Business Knowledge (BBK) သင်ရိုးညွှန်းတမ်း ကိုတည်ဆောက် နိုင်ခဲ့ပါသည်။ လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်ဖန်တီးထားသော ဤသင်ရိုးညွှန်းတမ်းကို နိုင်ငံအနှံ့တွင် သင်ကြားခဲ့ကာ ဆရာအဖြစ် […]
ဘုန်းတော်ကြီးပညာသင်ကျောင်းများနှင့် အသင်းတော်အခြေပြုပညာသင်ကျောင်းများရှိ ဆရာ၊ဆရာမ များအတွက် စွမ်းရည်မြှင့်တင်ခြင်း စီမံကိန်းကို ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၃ခုနှစ်တွင် အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ပါသည်။ မေလ ၂၀၂၂ ခုနှစ်မှ ဇန်နဝါရီလ ၂၀၂၃ ခုနှစ် အထိ ရှစ်လတာကြာမြင့်သည့် ဤစီမံကိန်းတွင် အဝါရောင် မျိုးဆက်သစ်လူငယ်များ ဘုန်းတော်ကြီးပညာသင်ကျောင်း (YGW) နှင့် ဟန်းဆန် အသင်းတော်အခြေပြု ပညာသင်ကျောင်းမှ ဆရာ၊ဆရာမများအား စီးပွားရေးပညာနှင့် ပံ့ပိုးမှုလုပ်ငန်းစဉ်များကို သင်ကြားပေးနိုင် ခဲ့ပါသည်။ ထို့အပြင် စွန့်ဦးစီးပွားစွမ်းဆောင်မှုဖွံ့ဖြိုးရေးစင်တာ (ငွေဆောင်)၊ လူငယ် ဘာသာစကားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်း (မြစ်ကြီးနား)နှင့် မောဝ်ပန်မိုင်ရှမ်းအွန်လိုင်း ဘာသာ စကားစင်တာ(နမ့်ခမ်း) တို့မှ မိတ်ဖက်ဆရာ၊ဆရာမများလည်း အဆိုပါစီမံကိန်းတွင် ပါဝင်ခဲ့ကြပါသည်။ စီမံကိန်းတွင် အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါသည်။ ပထမပိုင်း- သင်တန်းသားများအတွက်စွန့်ဦးစီးပွားသင်တန်းနှင့် အခြေခံစီးပွားရေးအသိပညာသင်တန်း ပေးခြင်း ဒုတိယပိုင်း […]
BBK Participant Manual For Burmese Language Download Here BBK Participant Manual For Kachin Language Download Here BBK Participant Manual For Karen Language Download Here BBK Participant Manual For Shan Language Download Here စီးပွားရေးပုံစံငယ်ကားချပ်အား လေ့လာခြင်း View Video × စီးပွားရေးပုံစံငယ်ကားချပ်အား လေ့လာခြင်း လူမှုစီးပွားရေးလုပ်ငန်းအားလေ့လာခြင်း View Video × လူမှုစီးပွားရေးလုပ်ငန်းအားလေ့လာခြင်း
၂၀၂၁-၂၀၂၂ခုနှစ် လူငယ်နှင့်အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်းအား စိန်ခေါ်မှုများကြားမှအောင်မြင်စွာ အကောင်အထည် ဖော် ဆောင်နိုင်ခဲ့ပါသည်။ စွန့်ဦးစီးပွားစွမ်းဆောင်ရှင်များနှင့် လုပ်ငန်းရှင်များသည်မရေရာမှု၊စွန့်စားမှု မြင့်မားသောပတ်ဝန်းကျင်တွင် ဆောင်ရွက်နေကျဖြစ်သည်။ လွန်ခဲ့သောနှစ်မှစ၍ ပြင်ပလောက၏ မရေရာမှုအပေါ် လုပ်ငန်းရှင်များ၏ စွန့်စားရမှုများမှာ ပို၍အရှိန်မြင့်လာခဲ့ပါသည်။ EDNA Myanmar အနေဖြင့်အဆိုပါအချိန်ကာလများတွင် စွန့်ဦးစီးပွားစွမ်းဆောင်ရှင်များအတွက် ပံ့ပိုးကူညီမှုအား ဆက်လက်ပံ့ပိုး ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုနှစ်စီမံကိန်းတွင် ယခင်နှစ်မှစီမံကိန်းဝင်ဟောင်း ၆၀ဦးအပါအဝင် ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှစွန့်ဦးစီးပွားစွမ်းဆောင်သူ စီမံကိန်းဝင်ပေါင်း ၁၆၃ဦးတို့အား ပံ့ပိုးကူညီပေးနိုင်ခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတိပေးအပ်ပါသည်။ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့် အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်း View Video × ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့် အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်း
စွန့်ဦးစီးပွားရေးလှုပ်ရှားဆောင်ရွက် မှု့သည် များသောအားဖြင့် ထိုလုပ်ငန်း အားဦးဆောင်သူ လုပ်ငန်းရှင် များလုပ်ဆောင်လေ့ရှိသည်။ စွန့်ဦးစီးပွားစွမ်းဆောင်သူများသည် ပြောင်းလဲမှု့မြန်ဆန်သော မရေရာသော ပတ်ဝန်းကျင်တွင် လုပ်ဆောင်ကြရသောကြောင့် စိန်ခေါ်မှု့အခက်ခဲ မျိုးစုံတို့သည် ထို စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်အား ရိုက်ခတ်ပေသည်။
EDNA Myanmar သည် People in Need နှင့်ပူးပေါင်း၍ လုပ်ဆောင်ခဲ့သော စီးပွားရေးပညာရေးဆိုင်ရာဗွီဒီယိုများထုတ်လုပ်ခြင်း စီမံကိန်း အကြောင်း တင်ပြ အပ်ပါသည်။ EDNA Myanmar မှထုတ်လုပ်သော သင်ကြားရေးဗီဒီယိုများသည် People In Need ၏ ကချင်ပြည်နယ် စီမံကိန်းတွက် ပါဝင်သော သူများအတွက် စီးပွားရေးဆိုင်ရာ ပညာရပ်များကို ကိုယ်တိုင်လေ့လာသင်ယူနိုင်စေနိုင်၊ အကျိုးကျေးဇူးရစေရန် ရည်ရွယ်၍ ဒီဇိုင်းပြုလုပ်ရေးဆွဲထားခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ကိုင်လိုသူများနှင့် စီးပွားရေးလုပ်ကိုင်သူများ၊ ကြိုးစားနေသော စွန့်ဦးစွမ်းဆောင်ရှင်များအတွက် ကိုယ်တိုင်လေ့လာ ကြည့်ရှု့ နိုင်စေ ရန် ရည်ရွယ်၍ ဗီဒီယိုများအား အွန်လိုင်းပေါ် တွင် ဝေမျှပါသည်။
ကချင်ပြည်နယ်ရှိ နေရပ်ရှောင်ပြည်သူများအား လူသားအကျိုးပြုထောက်ပံ့ပေးခြင်း စီမံကိန်းအား 2019ခုနှစ်တွင် မြန်မာ ကြက်ခြေနီ အသင်းနှင့် အာရှစွန့်ဦးတီထွင် စီးပွားရေး စွမ်းဆောင်ရည် ဖွံဖြိုးမှု ကွန်ရက် (မြန်မာ) မှ စီမံကိန်းအား အောင်မြင်စွာ ပူပေါင်းဆောင် ရွက်နိုင်ခဲ့ပါသည်။
EDNA Myanmar- Matchrs – Moving Forward Together တို့ ပူးပေါင်း၍ လူငယ်များ ဦးဆောင်သော လူမှု့စွန့်ဦး စီးပွားရေး လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံခြင်းနှင့် လုပ်ငန်းခွင် စွမ်းရည် ဖွံ့ဖြိုးရေး စီမံကိန်းအား ဖော်ဆောင် ခဲ့ပါသည်။