ဤစီမံကိန်းကို ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (SDC) နှင့် Swisscontact တို့က ငွေကြေး ထောက်ပံ့သည်။ စီမံကိန်းကို ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင် မွန်နှင့်ကရင်ပြည်နယ်များတွင် စတင်ဆောင်ရွက်ခဲ့သည်။
ဤ စီမံကိန်းအား ၁၂ လကြာဆောင်ရွက်ခဲ့ပါသည်။
– မြို့နယ် ၁၁ ခုတွင်သင်တန်း ၃၆ စင်တာ ဖွင့်လှစ်ထားခဲ့သည်။
– ၅၈၈ ယောက်သည် စီမံကိန်းတွင်ပါ ၀ င်ခဲ့သည်။ ၅၅၄ ဦးသည်စွန့်ဦးစီးပွားပညာကိုပြီးဆုံးအောင်တက်ရောက် ခဲ့၍စီပွားရေးလုပ်ငန်း၏ မတူညီသောအစိတ်အပိုင်းကို သိရှိနားလည်ခဲ့ကြသည်။
– ၃၉၃ ဦးသည် လမ်းပြပံ့ ပိုး မှု့နှင့် စီးပွားရေးဖွံ့ဖြိုးမှု့ အထောက်အပံ့များ ရရှိခဲ့သည်။
– လုပ်ငန်းပေါင်း ၁၅၀ ရှိရာ လုပ်ငန်းသစ် ၇၁ ကိုစတင် ထူထောင်နိုင်ခဲ့ကြသည်။
– ၁၂ လတာ စီမံကိန်းကာလအတွင်း လုပ်ဆောင် နေသော လုပ်ငန်း ၁၅၀ မှ အချိန်ပြည့် အလုပ်အကိုင် အကိုင်၃၀၀ (ကိုယ်ပိုင်အလုပ်အကိုင်အပါအ ၀ င်) နှင့် အချိန်ပိုင်းအလုပ် ၁၁၄ ခုကိုဖန်တီးပေးနိုင်ခဲ့သည်။
စီမံကိန်း၏ရည်မှန်းချက်မှာ မွန်နှင့်ကရင်ပြည်နယ်များမှ သင်တန်းသား၅၀၀ကို လေ့ကျင့်သင်ကြားပေးရန်နှင့် ၄င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်ထူထောင်နိုင်ရန်ဖြစ်သည်။ သင်ယူလေ့လာသူများသည် LVT သင်တန်းဆင်း၅၀%နှင့် မွန်နှင့်ကရင်ပြည်နယ်တို့တွင် နေထိုင်သောအောက်ပါမြို့နယ်များမှ ပါဝင်ကြသည်။
Sr.No | ကရင်ပြည်နယ်ရှိမြို့နယ်များ | မွန်ပြည်နယ်ရှိမြို့နယ်များ |
---|---|---|
1 | မုတ္တမ | ဘားအံ |
2 | ချောင်းဆုံ | မြဝတီ |
3 | မုဒုံ | ကြာအင်းဆိပ်ကြီး |
4 | သထုံ | လှိုင်းဘွဲ့ |
5 | ရေး | သံတောင် |
6 | သံဖြူဇရပ် |
စီမံကိန်းကြာချိန်သည် (၇)လဖြစ်၍ စီးပွား ရေးစွမ်းဆောင်မှုဆိုင်ရာသင်တန်း မှ အထူး ကြပ်မတ်ကာ သင်တန်းစတင် သင်ကြားခဲ့သည်။ လေ့လာသင်ယူ သူများသည်အပိုင်း သုံးပိုင်း ကို လေ့လာသင်ယူရပါသည်။ ပထမ ပိုင်းတွင်စွန့်ဦးစီးပွားရေး စွမ်းဆောင်မှု ပညာအား သုံးပတ်ကြာ လေ့လာရပါသည်။
Cycle 1 (စီးပွားရေးလုပ်ငန်း၏ မတူညီသော အခြေခံသဘောတရားများကို အမည်ဖော်ထုတ်ခြင်း။)Cycle 2
စီးပွားရေးလုပ်ငန်း၏ နက်နဲမူများအား သိမြင်နားလည်ခြင်း။
Cycle 3
သင်ယူလေ့လာမူများကို စီးပွားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချခြင်း။
ပါ၀င်သူများနှင့်လမ်းပြကူညီသူတို့ တက်ကြွသောဆွေးနွေးမူများနှင့် ၎င်း တို့၏ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ စီးပွားရေးအကြောင်းအရာများကိုလက်တွေ့ မေးမြန်းရသည့်အတွကသင်တန်းသားများသည်စီးပွားရေးလုပ်ငန်း များကိုပိုမိုနားလည်သည်။၎င်းအပြင်ကိုယ်ပိုင်စီးပွားရေးအားလုပ်ဆောင်ရန်လည်းစိတ်အားထက်သန်လာကြသည်။ အထူးကြပ်မတ်ထားသော အတန်းတွင်းသင်ယူမှု့များပြီးဆုံးခါနီးတွင်ပါဝင်သူများသည် စီးပွားရေးစီမံကိန်းလုပ်ငန်း စဉ်ရေးဆွဲ၍ ၎င်း စီမံကိန်းအား တင်ပြခြင်း ပြုလုပ်ရသည်။ ၆ လတာ စဉ်ဆက်မပြတ်စီးပွားရေး ဖွံ့ဖြိုးမှု့ အထောက်အပံ့ပိုင်းတွင် ပါဝင် သူများ သည် ၎င်းတို့၏ လမ်းပြကူညီသူများနှင့် လုပ်ငန်းဖွံ့ဖြိုးမှု့မြှင့်တင်ရေး အစီအစဉ်များအား EDNA ၏ သတ် မှတ်ထားသော နေရာများတွင်လည်းကောင်း သင်ယူသူများ၏ လုပ်ငန်းခွင်တွင် လည်းကောင်း အပတ်စဉ် ဆွေးနွေး ကြသည်။၎င်းအပြင် အပတ်စဉ်ပြင်ပမှ မတူညီသော လုပ်ငန်းရှင်များ၏ အတွေ့အကြုံမျှဝေမူများမှ သင်ယူသူများ အားအတုယူ အားကျ စေသည်။ ၎င်းအပြင် စီမံကိန်း တွင်ပါဝင်ပံ့ပိုးသူလုပ်ငန်းရှင်များကလည်း ၎င်းတို့ကွန်ရက်အားမျှဝေချိတ်ဆက်ပေးသည်။ ၀န်ကြီးဌာနအသီးသီးရှိပြောရေးဆိုခွင့်ရှိသူများက၎င်းတို့၏ ဒေသတွင်းရှိသက်ဆိုင်ရာ ၀န်ကြီးဌာများ၏လုပ်ငန်းစဉ်များအားအသိပေးရှင်းလင်းပေးခြင်းအားဖြင့်ကူညီပံ့ပိုးပေးသည်။ထို့အပြင်အပတ်စဉ်လမ်းပြကူညီပံ့ပိုးသူများနဲ့တွေ့ဆုံဆွေးနွေးခြင်း၊ စနစ်တကျပြင်ဆင်ထားသော လက်တွေ့ကွင်းဆင်းလေ့လာခြင်းများပြုလုပ်ခြင်းတို့ဖြင့်စီးပွားရေး သင်တန်းသားများအတွက် သတင်းအချက်အလတ်များကို စုဆောင်းရာတွင်ကူညီထောက်ပံ့ပေးသည်။
ခုနစ်လတာအစီအစဉ်အပြီးတွင် EDNA Myanmar မှသင်တန်းသားများ စတင်ဖွင့်လှစ်သော လုပ်ငန်းများအား ပြန်လည် သုံးသပ်ခဲ့သည်။ စွမ်းဆောင်ရည်အရှိဆုံး စီးပွားရေးလုပ်ငန်း ၃၈ ခုသည် ၄င်းတို့၏ စီးပွားရေးလုပ်ငန်း စတင်မှုကိုတိုးချဲ့ရန်ငွေသားများဆုရရှိခဲ့သည်။
အဆိုပါဆုရှင်များ၏ဗီဒီယိုများကိုကြည့်ရှုရန်သင့်အားကျွန်ုပ်တို့ကြိုဆိုပါသည်။