EDNA

What We Do

EDNA Myanmar : စွန့်ဦးတီထွင်မှုနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အားဖြည့်ခြင်း

၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ EDNA Myanmar သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် စွန့်ဦးစီးပွား ပညာရေး ပြန့်ပွားစေရန် အောက်ပါ လုပ်ငန်းစဉ် (၄) ရပ်အား အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။

  • ဒေသတွင်း စွန့်ဦးတီထွင်မှု ပညာရေးနှင့် စွမ်းရည်ဖွံ့ဖြိုးမှုများ
  • စွန့်ဦးတီထွင်မှု သုတေသနနှင့် လုပ်ငန်း မြှင့်တင်ရေး ကြိုးပမ်းမှုများ
  • ဒေသခံ စွန့်ဦးစီးပွားစွမ်းဆောင်သူများနှင့် ဒေသတွင်း လူ့အဖွဲ့အစည်းများအား ပံ့ပိုကူညီထောက်ပံ့ခြင်း
  • မြန်မာနိုင်ငံအတွင်းနှင့် ဒေသတွင်းတွင် ထိရောက်သော ဆက်ဆံရေးများ တည်ဆောက်ခြင်း

အဓိက စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ

  1. စွန့်ဦးတီထွင်မှု ပညာရေးစီမံကိန်း
    • ဆင်းရဲမှု လျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုရည်ရွယ်၍ LIFT ရန်ပုံငွေ၊ ဆစ်ဒနီ စီးပွားရေးကျောင်းတက္ကသိုလ်နှင့် ပူးပေါင်း၍ စီမံကိန်းများ ဆောင်ရွက်ခဲ့ပါသည်။
  2. စီမံကိန်း အကောင်အထည်ဖော်မှု ဝန်ဆောင်မှုများ
    • နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားရေး အဖွဲ့များအတွက် စီမံကိန်းဝန်ဆောင်မှုများ လုပ်ဆောင်ခဲ့ပါသည်။
  3. တက္ကသိုလ် ပူးပေါင်းဆောင်ရွက်မှုများ
    • မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်း၍ စီးပွားရေး ပြိုင်ပွဲများ အထောက်အပံ့ပေးခြင်း၊ သုတေသန စီမံကိန်းများအတွက် အကြံပေးခြင်း စသဖြင့် ဆောင်ရွက်ခဲ့ပါသည်။
  4. ဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်မှုများ
    • ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ စီမံကိန်းများ ရေးဆွဲလုပ်ဆောင်ခဲ့ပါသည်။
  5. အခြေခံစီးပွားရေးအသိပညာ သင်တန်းများနှင့် အလုပ်အကိုင် ကျွမ်းကျင်မှု နည်းပြသင်တန်းများ
    • Moving Forward Together နှင့် ပူးပေါင်း၍ အခြေခံစီးပွားရေးအသိပညာ သင်တန်းများနှင့် အလုပ်အကိုင် ကျွမ်းကျင်မှုသင်တန်းများအတွက် နည်းပြများပျိုးထောင်ခဲ့ပါသည်။
  6. ပုဂ္ဂလိကကဏ္ဍ နှင့် တည်တံ့ခိုင်မြဲမှု စီမံကိန်းများ

ကျေးလက်ဒေသများရှိ စီးပွားရေးစွမ်းဆောင်သူများအား အားဖြည့်သော CSR စီမံကိန်းများကိုလုပ်ဆောင်သည်။ ၂၀၁၇ ခုနှစ်မှ စတင်၍ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် စွန့်ဦးစီးပွားသင်တန်းများ၊ အခြေခံ စီးပွားရေးအသိပညာ သင်တန်းများ၊ အလုပ်အကိုင်ကျွမ်းကျင်မှု သင်တန်းများကို တတ်နိုင်သော နှုန်းထားဖြင့် ပို့ချစေလျက်ရှိပါသည်။

အမြတ်ငွေများ၏ ပြန်လည်ရင်းနှီးမြှုပ်နှံမှု

ရရှိသော အမြတ်ငွေများကို နောင်တွင် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် EDNA Myanmar သည် မြန်မာနိုင်ငံတစ်ဝန်းရှိ စွန့်ဦးတီထွင်မှု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

Download EDNA inbrief