EDNA

Who We Are

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများ၊ လူငယ်များနှင့် တန်းတူ အခွင့်အရေးမရရှိသူများအား စွန့်ဦးစီးပွား ပညာရေးနှင့် လုပ်ငန်းဖွံ့ဖြိုးမှုအထောက်အပံ့များကို ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။

လူမှုစီးပွားရေး လုပ်ငန်းနှင့် ပညာရေးနှင့် သုတေသနအဖွဲ့အစည်းအဖြစ် ကျွန်ုပ်တို့သည် နိုင်ငံတစ်ဝန်း စွန့်ဦးတီထွင်မှု ပညာရေးနှင့် လုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဝန်ကြီးဌာနများ၊ တက္ကသိုလ်များနှင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ အကြံပေးအဖွဲ့တွင် ပညာရှင်များနှင့် လက်တွေ့ကျွမ်းကျင်သူများ ပါဝင်သဖြင့် ကျွန်ုပ်တို့၏ ဗျူဟာမြောက် ဦးတည်ချက်များကို အတိအကျဖော်ဆောင်နိုင်ရန် လမ်းညွှန်မှုများကို ပေးလျက်ရှိပါသည်။ အုပ်ချုပ်မှုအဖွဲ့ကိုလည်း ပညာရေးနှင့် လက်တွေ့ကျွမ်းကျင်မှုရှိသူများဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့အစည်း၏ ရည်မှန်းချက်များကို အောင်မြင်စွာ ပြည့်မှီစေရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။

နယ်မြေတွင် တာဝန်ထမ်းဆောင်နေသော ကျွန်ုပ်တို့၏ အဖွဲ့ဝင်များသည်လည်း လက်တွေ့ စီးပွားရေး အတွေ့အကြုံများရှိသည့် ဆရာမများနှင့် ဆရာများဖြင့် ဖွဲ့စည်းထားကြပြီး ဒေသခံ လူထုအတွက် အကျိုးသက်ရောက်မှု ရှိစေရန် ရည်မှန်း၍ နေရာဒေသအလိုက် ဆောင်ရွက်မှုများကို အရေးပါစွာ လုပ်ဆောင်နေကြပါသည်။ ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် တာဝန်ရှိမှုသည် EDNA Myanmar ၏ မျှော်မှန်းချက်များနှင့် လုပ်ငန်းစဉ်များအား မြန်မာနိုင်ငံတစ်ဝန်းသို့ ပိုမို အကျိုးသက်ရောက်စေရန် အားဖြည့်ပေးလျက်ရှိပါသည်။


SME Graduation

Mon & Kayin

MOC NPT

Super EDD

Project Overview(2015)

Kachin EDD

Kachin Local News

EDNA KC